welcome to my blog

Monday, November 18, 2013

html code နားမလည်ဘဲ Blog template တစ်ခုချင်းစီကို မိမိစိတ်ကြိုက်ပြောင်းနည်း


ကျွန်တော်ဒီနေ့ အလွယ်ဆုံးနည်းနဲ့ ဘလောက် template ကိုပြောင်းပုံပြောင်းနည်း လေးပြောပြပါ့မယ်.. ဒီနည်းလေးကို ကျွန်တော်ရေးရခြင်းရည်ရွယ်ချက်ကတော့ သူငယ်ချင်းတော်တော်များများဟာ ကို့ရဲ့ ဘလောက်လေးကို သူများဘလောက်တွေလို အရမ်းလှချင်ကြတယ်၊ ဒါပေမယ့် html အကြောင်း သိပ်ပြီးနားမလည်ကြတာကြောင့် သူများရေးထားပြီးသား blog template များကိုပဲ သုံးကြရတာကို ကျွန်တော်တွေ့မြင်နေရတာကြောင့်မို့လို့. အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလေးနဲ့ ဘလောက် template ပြောင်းနည်းကို တင်လိုက်ရတာဖြစ်ပါတယ်။ ဒီနည်းလေးဟာ အရမ်းကိုလွယ်တယ်ဆိုပေမယ့် ကိုလိုချင်တဲ့ ဘလောက်ပုံစံလေးကို စိတ်ကူးထဲကအတိုင်း ပုံဖော်ပြီး ပြန်ပြင်ဖို့အတွက် လုံလောက်တာကြောင့် ဖတ်သူ သူငယ်ချင်းများကြေနပ်အားရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်ဘလောက်လေးကိုလည်း အဲ့ဒီံနည်းလေးနဲ့ပဲ လုပ်ထားတာပါ။ ဘယ် blogger များမှ ဒီ template ပြောင်းနည်းလေးကို မရေးပေးသေးလို့ တင်လိုက်တာပါ။ သိပြီးသားဆိုရင်တော့ ကြိုပြီးတောင်းပန်ထားပါရစေ မသိသေးတဲ့သူများအတွက် ရည်စူးထား ပါကြောင်း၊ နှာခေါင်းမရှုံကြရန်ကိုပါ ထပ်လောင်းပြီးတော့ပြာထားပါရစေ။ ကဲပြောင်းနည်းလေးကို စလိုက်ကြရအောင်လားဗျာ.အရင်ဦးဆုံးကျွန်တော်တို့ စိတ်ကူးထဲကအတိုင်း ပြုပြင်ဖို့ အဆင်သင့်လုပ် ထားပြီးသား ဘလောက်ပုံစံလေးတွေကို လိုက်ရွေးပါ့မယ်။ အကောင်းဆုံး free ရမယ့် ဘလောက်လိပ်စာများကိုလဲ တစ်လက်စတည်းတင်ပေးလိုက်ပါတယ်။ ပထမဦးဆုံး adobe photoshop ကိုတော့ စာဖတ်သူရဲ့ PC မှာကြိုပြီးတော့ တင်ထားဖို့လိုပါတယ်...

မိမိလိုချင်တဲ့ template ပုံစံမျိုးကို အရင်ဦးဆုံး download လုပ်ပြီး တင်ထားလိုက်ပါ ... လိုချင်တဲ့ ပုံစံမျိုးဆိုတာက
(ဥပမာ - side bar နှစ်ခု ဘယ်တစ်ခုညာတစ်ခု (သို့) header အနေအထား ကောင်းမကောင်း စသည်ဖြင့်ပေါ့လေ .. နောက်ခံတွေ လှသည်ဖြစ်စေ
မလှသည်ဖြစ်စေ အရေးမကြီးပါဘူး .. အဓိကကတော့ သူပေးထားတဲ့ ပုံစံလေး
ကို ကြိုက်မကြိုက်ရွေးပြီး၊ ကြိုက်တာနဲ့ မိမိဖာသာ မိမိ ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ပုံစံကိုပဲ ရွေးပါ ... နောက်ခံက ကိုလိုချင်တဲ့ ပုံစံအမျိုးမျိုးနှင့်
ကျန်တာကို တစ်ခုချင်းစီ ပြုပြင်သွားပေးပါ့မယ် ... အားလုံးကတော့ ဒီနည်းအတိုင်း ပြုပြင်သွားလိုက်ပါ အကောင်းဆုံးဆိုတဲ့ ဘလောက်လေးတစ်ခု
ဖြစ်လာပါလိမ့်မယ် .. ကျွန်တော်ကိုယ်တိုင်တောင်မှ ပြန်ပြီး စိတ်ကြိုက်မပြင်နိုင်သေးဘူး .. အလုပ်တွေနဲ့ချည်းပဲ လုံးချာပတ်ချာလည်လိုက်နေတာနဲ့လေ ..
ကဲ ပထမဦးဆုံး ဘလောက်ဂ်တစ်ခုရဲ့ အရေးအကြီးဆုံး အလှအပနေရာမှာပါတဲ့ Header ကို အရင်ဦးဆုံး ပြင်လိုက်ကြည့်ရအောင်ဗျာ ...
ကဲ ဆော့ဖ်ဝဲလ်နဲ့ ရေလိုင်းပုံစံမျိုးလေးလုပ်တဲ့ software လေးကို ကိုသံလုံငယ်ဆီကနေ ရလာတာပါ ....
လင့်က ဒီမှာ ပါ ...
တင်ပုံတင်နည်းကတော့ ကျွန်တော် ပုံတွေနဲ့ ရှင်းလင်းပြထားပါ့မယ် .. တင်စရာတွေတော့ အများကြီးရှိပါတယ် ...
တစ်ဖြည်းဖြည်းချင်းစီတင်သွားပါ့မယ်...

ပထမဦးစွာ မိမိရေးထားပြီးသား blog template တစ်ခုကို တင်လိုက်ပါ ... တင်ပြီးပြီဆိုရင်တော့ တင်ထားပြီးသားပုံကို ပြန်ကြည့်လိုက်ပါ ..
ကိုမကြိုက်တဲ့ နေရာတွေကို တစ်နေရာချင်းစီလိုက်မှတ်ထားပါ .. ဘယ်နေရာမှာလဲဆိုတာမျိုးပေါ့ .. ဥပမာ - header လေးကို ပြန်ပြင်ချင်
တာလား .. ဒါမှမဟုတ်ရင် Menu Bar ကိုလား .. ဒါမှမဟုတ်၊ Background ပုံစံကိုပြောင်းမှာလား၊ ဒါမှမဟုတ် Side Bar ပုံစံလေးကိုလား ..
အစရှိသဖြင့်ပေါ့လေ .. ကိုပြောင်းချင်တာတွေကို အရင်ဦးဆုံး ကြည့်လိုက်ပါ ..ပြီးရင် ပုံမှာပြထားသလို ဆက်သွားလိုက်ကြရအောင် ...
ကျွန်တော် အရင်ဦးဆုံး header ပြောင်းပုံပြောင်းနည်းလေးကို လုပ်ပြပါ့မယ် .. နောက်ရက်အားတာနဲ့ တစ်ခြားကဏ္ဍတွေကိုပါ
ဆက်လက်ပြီး ပို့စ်တင်သွားပေးပါ့မယ် .. တစ်ခုကို နားလည်သွားရင်တော့
နောက်တစ်ခု လုပ်ရဖို့ လွယ်ကူသွားပါပြီ ....
Image Hosted by ImageShack.us

အခုပထမဦးဆုံး ကျွန်တော် template တစ်ခုကို ယူပြီး တင်လိုက်ပြီပေါ့ဗျာ .. အခုမြင်နေရဲ့ template လေးမှာ header ပိုင်းလေးကို မကြိုက်ဖူးဗျာ .. အဲ့တော့ change ကြည့်လိုက်ကြရအောင် ..

(၁) ပုံမိမိ Blog လေးကို ဖွင့်လိုက်ပါ ..

မိမိလိုချင်တဲ့(ပြောင်းချင်တဲ့) header အဟောင်းမူရင်းပုံစံလေးကို right click နှိပ်လိုက်ပါ ... save background as ကို နှိပ်လိုက်ပါ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ် ..


ပေါ်လာတဲ့အထဲမှာမှ အခုမြင်နေရတဲ့ မှင်နီနဲ့တားပြထားတဲ့ နေရာက file name ကို copy ကူးလိုက်ပါ ....


ကဲ ပြီးပြီဆိုရင်တော့ဖြင့် layout >> edit html ကို သွားလိုက်ပါ .



ပြီးရင်တော့ ပေါ်လာတဲ့ (ctrl + f) ကို တွဲပြီးနှိပ်လိုက်ပါ အောက်ပါအတိုင်း find ဆိုတဲ့ အကွက်လေးပေါ်လာပါ့မယ် ..


ပေါ်လာတဲ့အကွက်လေးထဲမှာ ယခင်က ကူးထားတဲ့ (file name) ကို အစားသွင်းပြီး Next ကိုနှိပ်လိုက်ပါ ..
အောက်ပါပုံလေးအတိုင်း ကော်ပီကူးထားတဲ့ စာသားများကို တွေ့မြင်ရမှာပါ ... ၄င်းစာသားများထဲမှ ' http://...../ တစ်ခုခုပေါ့ အဲ့လို http:// နှင့် စာကြောင်းတစ်ကြောင်းလုံးကို ကော်ပီကူးလိုက်ပါ .. ' ကူးရန် ' အဖွင့်နှင့်အပိတ်ကော်လံနှစ်ခုကြားထဲက http:// ကိုသာ ကူးရမှာပါ .. ကော်လံနှစ်ခု မပါစေရပါဘူး ...
ပြီုးရင်တော့ ကော်ပီကူးထားတဲ့ လိပ်စာလေးကို အောက်ပါအတိုင်း address bar မှာရိုက်ကြည့်လိုက် ကိုပြောင်းချင်ပါတယ်ဆိုတဲ့ ပုံစံအဟောင်း header ပုံစံလေးကို မြင်တွေ့ရမှာပါ ...
header ဆိုတာ သေချာအောင်လို့ပြန်ကြည့်တာပါ .. သေချာပြီဆိုရင်တော့ အဲ့ကောင်ကို save as နဲ့ တစ်နေရာရာမှာ သိမ်းပြီ adobe photoshop နဲ့ဖွင့်ပါ့မယ် ...
ကဲပွင့်ပြီဆိုရင်တော့ မှင်နီနဲ့ပြထားတဲ့ rectangular marquee tool နှိပ်ပြီး Ctrl + A ( select all) နှိပ်လိုက်ပါ ပြီးလျှင် ctrl + c (copy) ပါ ... ပြီးရင်တော့ ctrl +n (new) ကို သွားလိုက်ပါ ပေါ်လာတဲ့အကွက်ကို ဘာတစ်ခုမှ မပြင်ပဲနှင့် enter ကို နှိပ်လိုက်ပါ .. layer အသစ်တစ်ခု (ဗလာချည်းသက်သက်) ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အကွက်ဟာ ဟိုးအရင် ပုံစံအဟောင်း Header နှင့် ဆိုက်အတူတူပါပဲ .. အဲ့ဒီ့တော့ ယခုပေါ်လာတဲ့ layer အသစ်လေးထဲမှာ ကိုလိုချင်တဲ့ ပုံစံမျိုးနှင့် ဒီဇိုင်းတွေကို လုပ်လိုက်ပါ ... ကျွန်တော်ကတော့ မနေ့ကလေးတင်ပဲ လုပ်ထားလိုက်တယ် ..
ပုံစံကတော့ မိုက်ဖူးပေါ့ဗျာ .. ဒါပေမယ့် စမ်းပြီးတော့ ပြောင်းပြတာဆိုတော့ နမူနာပေါ့ .. သူငယ်ချင်းတွေကတော့ ကိုလိုချင်တဲ့ ပုံစံမျိုး အမျိုးမျိုးလုပ်ကြပေါ့ဗျာ .. ဟုတ်ဖူးလား ..


အခုလိုလုပ်ပြီးသွားပြီဆိုရင်တော့ ဖြင့် အဲ့ဒီ့ ပုံလေးကို .Gif နှင့်သိမ်းလိုက်ပါ ... .jpeg နှင့်မသိမ်းဖို့တော့ အထပ်ထပ်သတိပေးလိုက်ပါတယ် .. ဘာဖြစ်လို့လဲဆိုရင် .jpeg နှင့် ကပုံတွေ ပေါ်တော့ပေါ်တယ် ကိုပြင်ထားတာက ပုံကလှလှလေး ၀ဘ်ဆိုက်မှာပေါ်မှာက ပေတိပေစုပ်နဲ့ ၀ါးနေလိမ့်မယ် .. .gif နှင့်သိမ်းပြီး တစ်နေရာရာမှ သိမ်းထားလိုက်ပါ ..
ပြီးရင်တော့ ကိုသံလုံငယ်ဆီက ရထားတဲ့ ဆော့ဖ်ဝဲလ်လေးကို download လုပ်လိုက်ပါ ... မရှိသေးဘူးဆိုရင်တော့ ဒီမှာပါhttp://ifile.it/c5o1jei
ပြီးရင်တော့ စမ်းကြည့်လိုက်ပါ .. အဆင်ပြေပါလိမ့်မယ် သိမ်းတဲ့အခါကျရင် .gif နဲ့ပဲ ပြန်သိမ်းပေးပါ ..
ရလာတဲ့ဖိုင်လေးကို ကိုကြိုက်တဲ့ hosting ဆိုက်တစ်ခုခုမှာတင်လိုက်ပါ တင်ပြီးရင် ရလာတဲ့ direct link လေးကို ကော်ပီကူးပြီး html အကွက်ထဲက (ပုံ-၅) ထဲက http:// နှင့်စတဲ့ လိပ်စာကို delete ပေးပြီး ယခုတင်လိုက်တဲ့ direct link လိပ်စာကို အစားသွင်းလိုက်ပါ ပြီးရင်တော့ save template ကို နှိပ်လိုက်ပါ .. အိုကေသွားပါလိမ့်မယ် ...
နောက်ဆုံးတစ်ခုကတော့ အဲ့ဒီ့ direct link လေးကိုပဲ အောက်မှာရှိနေတဲ့ Layout >> page element >> (Head) ရဲ့နဘေးက Edit ဆိုတာကို နှိပ်လိုက် direct link လေးကို web အကွက်လေးထဲမှာ ထည့်လိုက်ပါ.. အောက်ပါပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့ save လိုက်ပါတော့ ..



ကဲပြီးသွားပြီဆိုတဲ့ ပြောင်းထားတဲ့ပုံလေးပါ ...
Free Image Hosting at www.ImageShack.us

အခုရေးတာက လတ်တလော header လေးကို ပြင်နည်းလေးပါ .. ဒီပို့စ်ရေးနေတာ မပြီးသေးပါဘူး .. လိုအပ်တဲ့ ဓါတ်ပုံတွေနဲ့ ပိုပြီးရှင်းသွားအောင် ပြင်ဆင်ပါဦးမယ် .. အခုအနေအထားနဲ့လဲ photoshop နားလည်ပြီး template ပြောင်းတတ်တဲ့သူဆိုရင်တော့ လုပ်တတ်မှာပါ .. ကျွန်တော်အဓိကရည်စူးထားတာက အခုမှ စပြီးလေ့လာတဲ့ ဘလောက်ညီအစ်ကို၊ မောင်နှမများ အတွက်ရည်စူးပြီး ရေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ပို့စ်လေးကို ကျွန်တော် ပြန်ဖတ်ပြီး မကြေနပ်သေးရင် အသေးစိတ်ပြန်ရေးပြီး ပြန်ပြင်ပေးပါဦးမယ် .. ကျွန်တော် body အပိုင်းနဲ့ တစ်ခြားအပြင်အဆင်တွေအကြောင်းကို ရေးသားပါဦးမယ် ... ဘာမှမပူပါနဲ့ ရှိသမျှဘလောက်လေးကို စိတ်ရှိတိုင်း ဗျောင်းဆန်အောင် ပြင်ဆင်လို့ရအောင်အထိကို ပို့စ်တင်ပါဦးမယ် ... အဲတစ်ခုတော့ရှိတာပေါ့ဗျာ .. photoshop ကိုတော့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ တင်ထားဖို့လိုပါတယ် .... ဒါဆိုရင်တော့ စိတ်ကြိုက်မွှေလို့ရပါပြီ ...

0 comments:

Post a Comment

ယခုတလော

songs

Flashsongs page အပိုင်း ၅
လိပ်ပြာလေးရဲ့ကဗျာ
လွဲနေတဲ့ဆုံမှတ်များ
valentine သီချင်း
ထားခဲ့ပါ
ချစ်သောနန်းနှင့်ရှမ်းမောမြေ
ကဗျာမပီစာမပီ
မြန်မာမလေး
သက်ထား
အင်ဒိုနီးရှားဘာသာပြန်သီချင်း
(မွန်မြတ်စိတ်ထား)
မဆွေးချင်ဘူး
(အဝေးမသွားပါနဲ့)
(ဆက်ရန်မရှိသူ)ဘန်နီ(ပြည်ဖြိုးပိုင်)နဲ့စိုးကြီး
မမေ့ရက်နိုင်သည့်အကြောင်းများ
ဆင်ပေါက်ရဲ့ မင်းတစ်ယောက်ထဲ
မိုး ပြည့်ဆုံ
someone(anonymous)
(ပထမဆုံးအနမ်း)
(Got-send rain)
နီးနီးလေးနဲ့ဝေး
မလွမ်းချင်ဘူး
(အချစ်လျော့မှာစိုး) နီတာ+အေသင်ချိုဆွေ
ပျော်ပါစေ
မီးအိမ်ရှင်-ဆိုတေး
(ခလေးရေ)
ဘေကြီး = လမ်းပြကြယ်လေး
我想找一个女朋友
ဆုံဆည်းခွင့်
ဒဏ္ဍာရီနတ်သမီး
(Be With)
(Baby-new version)Mc Wai Lin
သူငယ်ချင်း(၀ိုင်းဝိုင်း)
အဆောင်သူမမ
ရဲလေး(မဟုတ်ရပါဘူး)
အရေးမကြီးဘူး(လေးဖြူ)
Moon Light Shadow
ရှမ်းသီချင်း
မလာပါနဲ့
(ဆန်ရေ)
အစိမ်းရောင်ရက်စွဲများ
အလွမ်းပြေအနမ်း
ဒီလိုညထဲ
Stay With You(bunnyPhyo)
အဆင်ပြေပါစေ(ပူစူး)
ဒေါင်းလွဏ်း(အချစ်ကြီးသူ)
ကျုံးဘေးနားမှာ
အာဒံနဲ့ဧဝ
ရုန်းထွက်ချိန်(ရေးဆို။ညီမှုးအိမ်)
နတ်ဆိုး(ရေးဆို.ညီမှုးအိမ်)
(အဆောင်သူမမ)
(အဖြူသက်သက်)
သူငယ်ချင်း(ဥာဏ်လင်းအောင်)
သီချင်းမရှိတဲ့ဂစ်တာ
ကဗျာချစ်သူအတွက်ကာရံမညီသော
ငါသိပ်လွမ်းလို့ ..
နွေအိမ်မက်
မုန်းမေ့မရပါ
အချစ်လို့ခေါ်သလား
အဝေးရောက်ချစ်သူ - လွမ်းမင်းသား
နင်လိမ်လည်းငါချစ်တယ် - သုညလေး
ငါ့ရဲ့လမင်း(လေးဖြူ)
ရင်ခုန်စရာရှုခင်း(မျိုးကြီး)
ကိုယ့်ရဲ့ကွက်လပ်
ဆု....ထံသို့
ခလေးလေး
မ-အတွက်သီချင်း
ယုံမှာလား
ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး)
မိုးသည်းချိန်မှာ
Venus
အရိပ်ပမာမခွဲခွါ
တစ်စစီကျိုးပဲ့နေ
[ပုလဲမျက်ရည်]
ဝိုင်းဝိုင်း [နမ်းရှိုက်ခွင့်]
စိုင်းစိုင်းရဲ့ [လရိပ်ချို]
ပန်းကမ္ဘာမျှော်စင်
မိုးမိုး(ထွက်မပြေးကြေး)
မြန်မာမလေး၂
(ရိုးရိုးလေးပဲစဉ်းစား)
အဖေ (ဂျစ်လေးနဲ့ ၈ကြီး)
ထားခဲ့ပါ
(အချစ်မျက်ဝန်း)
JoHame-ပန်းတွေနိုးတဲ့နံနက်ခင်း
တယောက်သောသူအတွက်
(အမြဲတမ်းပဲမင်း)
မင်းကိုအရမ်းလွမ်းနေတယ်
ပန်းတွေနိုးတဲ့နံက်ခင်း
ထူးလျှံရဲ့ အလွမ်းတွေ
ချစ်သူသိပါစေ
တာရာ+ချမ်းချမ်း(မျက်စိမှိတ်ထားတယ်)
ခနတာ
ကျောင်းကြီးမပြီးခင်
ဒီကောင်မလေးအတွက်
စိတ်ကူးရွက်ကြွေ(အေသင်ချိုဆွေ)
သူငယ်ချင်းချစ်သူ
ရှိသည်ဖြစ်သည်ချစ်သည်
SomeTearsNeverDry
(အချစ်ဆုံးသူငယ်ချင်း)
ပြည့်စုံပါစေ(ဘိုဖြူ)
အဝေးတနေရာ
Hey Juliet
တကယ်ပုံပြင်(ရိုးရာ)
Cry On My Shoulder
ရင်ခွင်-ရိုးရာ+R-ဖြိုး
ကလေးဆိုးလေး-ထက်ယံ
သင်္ကြန်သီချင်း
ကြားလားကြားလား
မချစ်ဘူးလို့မပြောပါနဲ့=ဒိုးလုံး
လမ်းခွဲ(ဖိုးကာ)
သင်္ကြန်ဝိညာဉ်
မျှော်လင့်ခြင်းအတွက်
အလွမ်း
လေညာရပ်ကအချစ်
ဟန်ထူးလွင်ရဲ့ မယ်တင်
(အပြာရောင်ည)
အချစ်လျှော့မှာစိုး
အလွမ်းသင့်ပန်းချီ
ချာတိတ်ရဲ့ချစ်သူ
လျှို့ဝှက်ထားတယ်
တောင်းပန်ပါတယ်
တိုကျိုအိပ်မက်
အရူးအမူး
ငါဆက်ချစ်မဲ့သူ
မင်းလေးကိုအချစ်ဆုံး
ထာဝစဉ်
ဝိုင်းဝိုင်း[ဒူးထောက်ပြီ]
အခန်းဆက်အလွမ်း(ဟန်ထွန်း)
တင်ဇာမော်[အချစ်မရှိနေ့ရက်များ]
ဆောင်းဦးလှိုင်[သွားလိုက်တော့]
(သိမ်းထားခွင့်)
(မင်းကိုချစ်တယ်)
( အပျိုကြီး)
(ကမ္ဘာကျော်တဲ့စိတ်ကူး)
“မ” - ပူစူး
အရံလူ
(မျှော်လင့်ချက် )
(အိမ်မက်လေးလား)
(အမြဲတမ်းအတွက်)
မမေ့နိုင်သည့်အကြောင်းများ
ဆက်ရန်မရှိသူ ဘန်နီဖြိုး
မိုး သီချင်း
အသင့်ရှိသူ
(Hoping Love)Mc Wai Lin
ပြန်လာခဲ့ပါ
[ တောင်းပန်တယ်]
မျိုးကြီးရဲ့ [သူစိမ်းတစ်ယောက်ပါ]
ဟန်ထွန်း [အရင်က ဇာတ်လမ်း]
简单爱(တရုပ်သီချင်း)
40years
သက်ဆုံးတိုင်(Anonymous)
(I love u more)
အဝေးတနေရာ
cryonmyshoulder
အချစ်ငှက်ငယ်
အချစ်ငှက်
HeartBrokenValentine
ရှမ်းသီချင်း(ပိုခေ်း)
(မေ့မှာလား)
တကယ်ဆို
ကြေကွဲနေ့ညတွေ(19:18)
လမ်းမကြီးရဲ့ ဘေး(၀ိုင်းစု)
(နတ်သမီးပုံပြင်)
တိတ်တိတ်လေးပါပဲ
ကျေနပ်ပေးပါ
မင်းဆန္ဒ
ရင်ဆိုင်ကြပါစို့
ကိုလူဆိုး
(လေးဖြူဝိရောဓိ)
(ကြိုးကြာ)
အိမ်မက်နိဂုံး
ရှမ်းသီချင်း(လိုမ်းသေလု;)
အစိမ်းရောင်ရက်စွဲများ
(အလွမ်းကဖီး)
နွေဦး
အဆင်ပြေပါစေ
နွေ
ရင်ထဲကလာတဲ့သီချင်း
ပြည့်စုံခြင်း
(my love)
သတိ (လေးဖြူ)
Sailor Moon
မင်းနားလည်မှာပါ (ဒီလေး)
Death Note
တနေ့နေ့
နိဂုံးချုပ်အချစ်
အွန်လိုင်းချစ်သူ
ရိန်မိုး
I Love you
အလွမ်းဝင်္ဂဘာ
ဖြူစင်သောအချစ်
လိုက်ဖက်တဲ့ဘဝ
ပြန်ဆုံချိန်
(အပြစ်တစ်ခု ဖန်ဆင်းခြင်း)
ဘယ်လိုငြိမ်းသတ်ရမလဲ
မမြင်ကွယ်ရာ
အစဉ်ပြေပါစေ
ပတ်သက်ခွင့်ပြုပါ
တာရာ - အစဉ်အမြဲ
Beautiful Myanmar
ဖြစ်သလိုမေ့လိုက်ပေါ့
သိပ်ချစ်လို့ပါ
ကောင်မလေး
တိတ်တိတ်လေးပါပဲ
အလွမ်းသင့်ပန်းချီ -အောင်လ
င်္ခဂ်,(ရှမ်းသီချင်း)
မေတ္တာပန်း
(အသဲကွဲသီချင်း)
ထာဝရ(ဝိုင်ဝိုင်း)
စတား
ဒီကစောင်.နေသူ
ရှမ်းသီချင်းroze(လပ်းလင်)
အချစ်ဝေး
ဒီကောင်မလေးအတွက်
သူ
(ခေါ်သံ)
(သင်္ကြန်) သီချင်း
မင်းမှမင်း (လေးဖြူ)
Naruto
[ရှမ်းသီချင်း(roze)]
အားလုံး အိုကေ - လွှမ်းပိုင်
ကျိန်ပြောတတ်သူ
အဓိပတိခြေရာများ
မင်းမရှိလို့မဖြစ်
တိတ်တဆိတ်
Venus
အမိုက်ဆုံး (Remix)
NO.1
(ယုံကြည်ပေးပါ)
အရုပ်မ - Jenny
(ဆန့်ကျင်ဘက်)
(when you say nothing at all)
ရှမ်းသီချင်း(စိုင်းဆွန်ဟိုင်း)
နတ်သမီး
ချစ်သူအတွက်အလွမ်းပြေအနမ်း
သူင

အစုံ

http://saiaungmyat.blogspot.com အားပေးသူအားလုံး နေကောင်းပါစေ ရည်းစားနဲ့ အဆင်ပြေပါစေ shanlay475@gmail.com

saiaungmyat26@gmail.com

Twitter Bird Gadget

fish

Swimming fish