welcome to my blog
Wednesday, December 25, 2013
Driver Genius ကို Fullversion လုပ်နည်းနှင့် Driver Genius Professional 14.0.0.323
ကွန်ပြူတာ ဝင်းဒိုး အသစ်ပြန်တင်တာပဲ ဖြစ်ဖြစ် အကြောင်းတစုံတရာကြောင့်
Windows ရဲ့ Driver တွေ ပျောက်နေတယ် ၊ Driver တွေရဲ့ Date တွေဟာ
Expire ဖြစ်တော့မယ် ဆိုရင် ဒီကောင်လေးကို အသုံးပြု့ပြီး ပြန်ရှာ
 ပြန်ပြီး update လုပ်ပေးလို့ရပါတယ်။ သုံးဖူးတယ် ဆိုရင် ဒီကောင်လေးကို သိမှာပါ
ကျနော် ကတော့ အမြဲတမ်းဆောင်ထားပါတယ်။ အောက်မှာ install လုပ်နည်းလေးနဲ့
Fullversion လုပ်နည်းလေးကို ရေးပေးထားပါတယ် ခင်ဗျာ
1။ DR.Genius.Pro.Silent-Engh3.exe ဆိုတဲ့ ဖိုင်လေးကိုကလစ် ၂ ချက် ခေါက်ပြီး run လိုက်ပါ
     အောက်မှာ ပုံလေးနဲ့ပြထားပေးပါတယ်
2 ။ Desktop မှာ သူ့ရဲ့ Shotcut လေးပေါ်လာပြီဆိုရင် install လုပ်တာ  ပြီးဆုံးသွားပါပြီ ခင်ဗျာ။ 
( ၃ ) Driver genius လေးကို မ run လိုက်ပါနဲ့ခင်ဗျာ။ update လုပ်ပေးစေချင်လို့ပါ
         အောက်မှာ ပြထားတဲ့ ပုံအတိုင်း Driver genius ရဲ့ တည်ရှိရာ open File Location ကို
         သွားလိုက်ပါ။အထဲမှာအနီရောင် လေးထာင့်နဲ့ ပြထား  သော LiveUpdate.exe ကို
         ကလစ်ပေးပြီး update လုပ်ပေးလိုက်ပါ။ပြီးအောင်စောင့်နော်။ 
        ပုံမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်လိုက်ပါနော်။
ဒီမှာ Update လုပ်တာ ပြီးသွားပါပြီ ခင်ဗျာ
( ၄ ) အခုနောက်တခါ run မယ်နော် ။ အောက်မှ ပုံထဲကလေးထောင့် ကွင်းထဲက
         DR.G.Act-Engh3.exe  ကိုကလစ် ၂ ချက်ခေါက် run လိုက်ပါ ခင်ဗျာ
         အဲ့ဒါဆိုရင် fullversion ဖြစ်သွားပါပြီ ခင်ဗျာ
ဆော့ဝဲလေးကို ကြိုက်လို့ သုံးမယ်ဆို အောက်မှာဒေါင်းသွားလိုက်ပါ ခင်ဗျာ 
DOWNLOAD FROM MILOSHARE
DOWNLOAD FROM  TUSFILES
WiFi အကြောင်း သိကောင်းစရာများ
WiFi အကြောင်း သိကောင်းစရာများ
=========================
WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။ 
၎င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။
WiFi သမိုင်းကို လှည့်ကြည့်ခြင်း
WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Method များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါဝင်သူ များမှာ -
(၁) 3 Com
(၂) Aironet (Cisco)
(၃) Harris Semiconductor (Intersil)
(၄) Lucent (Agene)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ဖြစ်ကြသည်။
WiFi Alliance မှာ Austin နှင့် Teras တွင်ရှိသည်။
ကွန်ပျူတာ၊ တယ်လီဖုန်း၊ PDA စသော WiFi ပစ္စည်း များကို ကိုင်ဆောင်အသုံးပြုထားသူများသည် Access Point ရှိပါက Internet ကို ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Access Point သည် တစ်ခုဖြစ်စေ၊ တစ်ခုထက် ပို၍ ဖြစ်စေ၊ ဖြစ်ပေါ်နေသော Region ကို Hot Spot ဟု ခေါ်သည်။ ၄င်း Hot Spot များလာခြင်းဖြင့် မိုင်ပေါင်း များစွာ ပမာဏထိ WiFi သုံးနိုင်သည်။
WiFi အလုပ်လုပ်ပုံ Wireless Network ရှိသော လေဆိပ်၊ စာကြည့် တိုက်၊ ကော်ဖီဆိုင်နှင့် ဟော်တယ်တို့တွင် WiFi ဖြင့် အင်တာနက် အသုံးပြု၍ရရှိမည် ဖြစ်သည်။ Wireless Network သည် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ Setup လုပ်နိုင်သည်။ Wireless Network များတွင် Radio Wave ကိုသုံးထားကာ Cellphone| Television နှင့် ရေဒီယိုများကဲ့သို့ပင် ဖြစ်သည်။ Wireless Network များ ကို ဆက်သွယ်မှုပြုလုပ်သောအခါ Two Way Radio Communication နှင့် အတော်ပုံသဏ္ဌာန်တူပေသည်။ ကွန်ပျူတာ၏ Wireless Adapter သည် Data များကို Radio Signal အဖြစ်ပြောင်းလဲကာ အင်တာနက်ကို သုံးပြီး Transmit လုပ်နိုင်သည်။
(၁) WiFi သည် Frequencies 2.4 GHZ (သို့) GHZ ဖြင့် Transmit လုပ်သည်။ ၄င်းသည် Cellphone | Walkie Talkie နှင့် Television တို့တွင်သုံးသော Frequency ထက် ပိုမြင့်ကာ Data ပမာဏများများကို သယ်ယူနိုင်သည်။
(၂) WiFi သည် 802.11 Networking စံကို အသုံး ပြုသည်။
(၃) WiFi သည် 802.11b, 802.11g, 80211a တို့ ဖြင့် Transmit လုပ်နိုင်ကာ၊ Interference ကို လျောချပေး နိုင်ပြီး၊ Wireless connection ကို တစ်ပြိုင်တည်း အသုံးပြု နေသော မတူညီသည့်ပစ္စည်းများအတွက် အဆင်ပြေစေ နိုင်ပါသည်။
WiFi ပစ္စည်းကိရိယာများ
WiFi ပစ္စည်းများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင် ပါသည်။
WAP (Wireless Access Point)
Wireless Access Point သည် Wireless Station အုပ်စုများကို ချိတ်ဆက်ထားကာ နီးရာ Wire ဖြင့် ချိတ်ဆက်ထားသော LAN များကို ဆက်သွယ်နိုင်ပါသည်။ မိမိတွင်ရှိပြီးသား ကွန်ပျူတာအချို့နှင့် ကွန်ယက်တစ်ခု ရှိခဲ့ရင် WAP လုပ်နိုင်မှာ ဖြစ်သည်။ Access Point ဆိုသည်မှာ Ethernet Hub နှင့် ဆင်တူပေသည်။
Wireless Router
Wireless Router Cable Modem (သို့) DSL တို့ဖြင့် ချိတ်ဆက်ကာ WiFi ပစ္စည်းများဖြစ်သည့် PDA နှင့် Laptop တို့ဖြင့် ချိတ်ဆက်နိုင်သည်။ Wireless Router သည် Wireless Access Point ဖြစ်ပြီး Ethernet Hub နှင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် Wireless Router သည် IP Packets များကို Wireless Subnet နှင့် အခြားသော Subnet များကြားသို့ ပေးပို့နိုင်ပါသည်။
Wireless Ethernet Bridge
Wireless Ethernet Bridge သည် မတူညီသော Network (၂ ) ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါသည်။
WiFi နှင့် Operation System
Microsoft Window XP သည် WiFi ကို ကောင်းစွာ Support လုပ်ပေးနိုင်စွမ်းရှိသော်လည်း WAP2 ကိုတော့ Support ကို လုပ်ပေးနိုင်မှု မရှိချေ။
Microsoft Window Vista မှာ XP ထက် WiFi ကိုပို Support လုပ်ပေးကာ Network အလိုအလျောက် ချိတ်ဆက်နိုင်သည်။
Mac OSX သည်လည်း WiFi နှင့် WPA 2 ကိုလည်း Support လုပ်ပေးနိုင်သည်။
Linux သည် WiFi Card အတော်များများကို ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ပါသည်။
WiFi ၏ အားသာချက်များ
WiFi ၏ ကောင်းကျိုးကြောင့် LAN များကို ကြိုး မပါပဲ တပ်ဆင်ပေးနိုင်ပါသည်။ ယခုဆိုလျှင် WiFi Product များကို ဈေးသက်သာ စွာဖြင့် ဈေးကွက်တွင် ကျယ်ပြန့်စွာရရှိနေပြီဖြစ်သည်။ WiFi ၏ အားသာချက်ကြောင့် ကျောင်းများ၊ ရုံးများ တွင် အချိန်မရွေး အင်တာနက်သုံးနိုင်ပြီး၊ လူများ အလွယ် တကူ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ WiFi မှာ အပြန့်ကျယ်လာသည်နှင့်အမျှ Public Hot Spots ပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော အိမ် သုံး၊ ရုံးသုံး User များ ကမ္ဘာအနှံ့ရှိနေပြီ ဖြစ်သည်။
WiFi ၏ အားနည်းချက်များ
5 GHz နှင့် အလုပ်လုပ်သော 802.11 a မှလွဲ၍ 2.4 GHz အသုံးပြုထားသော WiFi များသည် တိကျသော Frequency မဟုတ်၍ နေရာအလိုက်အနည်းငယ်ကွဲပြား နေတတ်ကာ၊ တည်ငြိမ်မှုနည်းသည်။ WiFi သည် တခြားသောပစ္စည်းများနှင့်စာလျှင် Power အသုံးပြုမှုများသောကြောင့် Battery မြန်မြန် ကုန်နိုင်သည်။ Wireless Network Range မှာ အတိုင်းအတာ ကန့် သတ်ချက်ရှိကာ အိမ်အတွင်း ပေ ၁၅၀ (၄၅)မီတာနှင့် အမြင့်ပေ ၃၀၀ (မီတာ ၉၀) ထိသာ သုံးနိုင်မှာ ဖြစ်သည်။
Credit : (MCP)
Ref :http://bestcomputercentre.blogspot.com
 PDF စာအုပ်လေးနဲ့ သိမ်းထားချင်ရင်တော့  ဒီမှာ  ဒေါင်းယူနိုင်ပါတယ် ။
ဆိုက်ကို ဘယ်လို link ပြန်ညွှန်းခိုင်းမလဲ
ညီလေး နေဇင်လတ်က မေးလာတာပါ .. အရင်ကလဲ ဘယ်သူလဲ မသိဘူး မေးပါသေးတယ် ရေးမယ်ရေးမယ် နဲ့ အလှည့်မရောက် တာပါ . အောက်က code တွေကို copy ကူးပြီး Page Elements >> Add a Gadget ကိုသွားပြီးတာနဲ့ html ကို ရွေးပြီး ကူးထည့်လိုက်ပါ . လိုအပ်တာ တွေကိုပဲ လိုက်ပြောင်းပါ . textarea ကို 25 ပေးထားပါတယ် .. အဆင်ပြေသလို ပေးလိုက်ပါ . ကို့ဆိုက်နဲ့  ကိုက်သလိုပေါ့ ..
<center><a href="http://www.nyinaymin.com"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif"/></a></center>
<textarea cols="25"><center><a href="http://www.nyinaymin.com" target="_blank"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif" border="0" alt="www.nyinaymin.com" /></a></center></textarea>
ကဲ အပေါ်မှာ မှင်အနီနဲ့ရေးထားတာက ကို့ရဲ့ ဆိုက်လိပ်စာဖြည့်ရမှာပါ . မှင် ပန်းရောင်နဲ့ရေးထားတာကတော့ ကိုထည့်ပေးမယ့် ကို့ဆိုက်အတွက် ဒီဇိုင်းပုံ လှလှလေးပေါ့ . photoshop ပိုင်ရင်ပိုင်သလို လုပ်လို့ရပါတယ် . နောက်ပိုင်းကျွန်တော် photoshop အတွက် ပုံစံလှလှလေးတွေ လုပ်ပုံလုပ်နည်း ထပ်တင်ပေးပါဦးမယ် . ပေးချင်တာတွေကတော့ အများကြီးပဲ . ဗိုင်းရပ်စ်ရေးသားပုံ ရေးသားနည်းအချို့ရယ် ၊ ဟိုတစ်နေ့က ပြောခဲ့တဲ့ အထူးအစီအစဉ်ရယ် . တင်ပေးစရာ program တွေရယ် . အများကြီးပဲ အခုတော့ တောင်းဆိုတာတွေကို ဦးစားပေးပြီး တင်ပေးသွားပါ့မယ် ..
Friday, December 20, 2013
မိမိ ရဲ့ ဖိုင်တွေ Folder တွေကို Lock ချမယ်
ဒါလေး ကတော့ မိမိအသုံးမပြု့စေချင်တဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို
မိမိ ခွင့်ပြု့ချက်မရပဲ မိမိ သိမ်းထားတဲ့ Password မသိပဲ နဲ့ ဖွင့်မရအောင်
Lock ချပေးပါတယ် တခါတရ့မှာ မိမိရဲ့ ကွန်ပြူတာ ကို မိမိ မသိအောင် လာပြီးမွှေနှောက်
ပြီး ဖွင့်ကြည့်တာကို ကာကွယ်ဖို့ပါ Private only ပေါ့
နောက်တခု့ မိမိရဲ့ ဖိုင်တွေကို လော့ ချ လို့ရတဲ့ အပြင် သူများမမြင်အောင်သိမ်းထားလို့လည်းရပါတယ်
အသေးစိတ် ကိုတော့ အောက်မှာ ဆက်လေ့လာလို့ရပါတယ် ခင်ဗျာ
ဆော့ဝဲလေး ကိုတော့ Serial key နဲ့ Fullversion  လုပ်ရမှာပါ
အထဲမှာလည်း တခါတည်း Key ဖိုင်ပါပါတယ် Key ဖြည်တဲ့ အချိန်မှာ
မိမိ ရဲ့ Email ကိုလည်း ဖြည့်ပေးရပါမယ် မိမိကြိုက်တဲ့ မေးလ် ထည့်လို့ရပါတယ်
ဆော့ ဝဲလေး ကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်
GiliSoft File Lock Pro is a power file encryption software program that can quickly and safely lock and hide files, folder,and drives,and it can use 256-bit AES encryption (Encryption Standard Adopted by the US Government) to protect your files located on HDD drive or any portable media such as USB drives.
• Hide Data :
GiliSoft File Lock Pro can hide your private files folders and drives, to make them completely invisible to users and programs.
• Lock Data :
The locked files/folders/drives are protected from accessing, users can not open, read, modify, move, delete, copy, rename the protected files/folders without password. Files and sub-folders in a locked folder are also protected.
• Encrypt Data :
It can encrypt files and folders of any type.
• Portable Encryption :
It packs and encrypts a folder into an executable (.exe file) with AES encryption algorithm. You can encrypt important data by this method, and then send it over the network or by other means to be used on a machine without Gili File Lock Pro.
• Safe Delete :
GiliSoft File Lock Pro allows you to completely remove sensitive data from your hard drive by overwriting it several times with carefully selected patterns.No one can recover deleted data from your disk if you secure delete it.
• Password Protected :
GiliSoft File Lock Pro is a password-locked software,that is to say,there’s no other way to run or unstall it if you have not the password.
Facebook ကို အလန်းစား သုံးကြမယ်
သူငယ်ချင်းတို့ facebook တွေကို  အလန်းတွေနဲ့ သုံးခြင်ကြလား  လူတော်တော် များများတော့ သိနေပြီးဖြစ်မှာပါ...  မသိသေးသေူတွအတွက်  လုပ်ခြင်သေူတွအတွက်  ကျွန်တော် လက်တွေ့စမ်းသတ် ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..နော်  ကဲ စကြမယ်နော်
ပထမဆုံး     သည်နေ၇ာ   ကိုသွာုးလိက်ပါနော်အဲမှာ Mozilla Firefox အတွက်
Add On လေးတစ်ခု လုပ်ပေးရမှာ ဖြစ်ပါတယ်...
အပေါ်ကပုံတိုင်း  add to firefox ဆိုတာ ကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ သင့်ရဲ့ ဘောက်ဆာကို
restart ချခိုင်းပါမယ်  ချပေးလိုက်ပါနော်...အိုကေ add on လေးရပြီဆိုတာနဲ့ မိမိတို့ facebook အတွက်
ဒီဇိုင်းကို ရွေးချယ်ကြမယ်နော်... အဲအတွက်
သည်နေရာကို     ဆက်လက်သွားလိုက်ပါနော်... လိုခြင်တဲ့ ပုံစံတွေ ရွေူးချယ်ရမှာပါနော်
အဲလိုတွေ့တဲ့ ခါ မိမိ ထားလိုသော ဒီဇိုင်းကိုရွေးချယ်လိုက်ပါနော် ပြီးတာနဲ့
ပုံမှာ ပြထားသလိုပေါ့ မိမိလိုခြင်တဲ့ ပုံကို တွေ့တာနဲ့ ကလစ်ခိုင်းတဲ့နေရာကို ကလစ်ပေးလိုက်ပါ
ဒါဆို ပြီးတာနဲ့ မိမိတို့ facebook ကို ၀င်လိုက်ပါ  အိုးးးးးးးးးးးးးးးးးးးးးးးးးးလန်းနေပြီ
ကဲ အဆင်ပြေကြပါစေနော်
facebook မှာ လော့ ကျတဲ့ အကောင့် မှန်သမျှအကုန်ပြန်ယူမယ်
Facebook မှာ လော့ ကျတာမှန်သမျှအကုန်ရတဲ့  နည်းလမ်းလာပြီ။ FACEBOOK မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း။
လော့ ကျတဲ့ အကောင့် မှန်သမျှကို ပြန်ယူလို့ ရပါတယ် ( သို့ ပေမယ့်  ) မိတ်ဆွေတို့ ပေးထားတဲ့  Security  မေးခွန်းကိုဖြေနိုင်ရပါမယ်။ Security  မေးခွန်းမေ့ သွားခဲ့ ရင် သူငယ်ချင်းတွေပုံကိုရွေးပြီးမိမိအကောင့် ကို ပြန်ယူလို့ ရပါတယ်။မိတ်ဆွေတို့ ရဲ့ အကောင့် ပြန်ရဖို့ အတွက်
မိတ်ဆွေတို့ ရဲ့ ကိုယ်စွမ်းညဏ်စွမ်းတွေနဲ့ လည်းဆိုင်ပါတယ်။(ဥပမာ-သူငယ်ချင်းပုံတွေရွေးခိုင်းတယ်ပဲထားပါအုံး Facebook ကလူ(6 ) ယောက်အတွက် (၃) ယောက်၇ဲ့ ပုံတွေကိုပြပေးထားပါတယ်။မိမိက တစ်ခြားသူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အဲဒီလူ(၆ ) ယောက်စလုံးနာမည်ကို Facebook မှာဝင်ရှာရင် မရစရာအကြောင်းမရှိတော့ ပါဘူး ညဏ်ကိုလွှာသုံးလိုက်ပါ။ကျွန်တော်တို့ ဆိုMalaysia ကသူငယ်ချင်းက ကျွန်တော့်  ကွန်ပျူတာထဲကို teamviewer နဲ့ ဝင်ကြည့် ပြီးသူကိုယ်တိုင်တောင် ဝင်ရွေးပေးသွားသေးတယ်။ကျွန်တော့် မိတ်ဆွေတွေလည်းအခုလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။
ကဲစလိုက်ကြမယ်ဗျာ။
အရင်ဆုံး firefox သုံးတယ်ဆိုရင်  tool > option > privacy မှာ cookies တွေကိုအ၇င်ရှင်းလိုက်ပါ။
(အဆင့် -၁)   http://www.facebook.com/hacked  ကိုသွားပါ
(အဆင့် -၂)  အဲဒီ page ကိုရောက်တာနဲ့ အနီနဲ့ ဝိုင်းထားတဲ့ နေရာကိုနိပ်ပါ။
(အဆင့် -၃ ) facebook အကောင့် ဆောက်ထားတဲ့ email ဖြစ်ဖြစ် phone နံပါတ်ဖြစ်ဖြစ်ပေးပါ။ပြီးရင် Search ကိုနိပ်ပါ။
(အဆင့် -၄) အီးမေးနှင့် Password အဟောင်းကိုပေးပြီး Continue ကိုနိပ်ပါ။
(အဆင့် -၅) password ပြောင်းရပါမယ် ။ password အသစ်ကိုနှစ်ခါရိုက်ပေးပါ။ပြီးရင် continue ကိုနိပ်ပါ။
(အဆင့် -၆ ) Continue ကိုနှိပ်ပါ။
(အဆင့် -၇ )  continue ကိုနိုပ်ပါ။ဒီမှာ မိမိရဲ့ အီးမေးကို passwod ပြောင်းချင်ရင်ဒီမှာပြောင်းလို့ လည်းရပါတယ်။ကျွန်တော်ကတော့ အလုပ်ရှူပ်မှာစိုးလို့ မပြောင်း
တော့ ပါဘူး။
(အဆင့် - ၈ ) ဒီပုံလေးကဆိုရင် မိမိကို log in ဝင်ခိုင်းပါပြီ။ log in ကိုနိုပ်ပါ။
(အဆင့် -၉ )  ဒီပုံလေးကဆိုရင် facebook ကနေ မိမိအကောင့် ကို suspend လုပ်ခဲ့ တာကို ပြပေးထားတာပါ။ continue ကိုပဲ နိုပ်လိုက်ပါ။
(အဆင့် -၁၀ ) အောက်ကပုံလေးထဲကအတိုင်း သူပေးထားတဲ့  ဂဏန်းလေးတွေကိုရိုက်ထည့် ပေးပါ။
(အဆင့် -၁၁ ) ဒီမှာ security question ကိုနှစ်ခုအနက်တစ်ခုကိုရွေးလို့ ရပါတယ်။ ပုံနဲ့ ရွေးရတာပိုလွယ်ပါတယ်။ကျွန်တော်ကတော့  seurity မေးခွန်းမေ့ သွားလို့  ပုံနဲ့ ရွေးတဲ့ အောက်ဆုံးကအကွက်ကလေးကို Click ပြီး continue ကိုနိုပ်ပါတယ်။
(အဆင့် -၁၂ ) မိမိသူငယ်ချင်းတွေကိုရွေးပေးလိုက်ပါ။လိုအပ်ရင် သူငယ်ချင်းတစ်ယောက်အကူအညီခေါ်ထားပါ။ သူပေးတဲ့ မိတ်ဆွေတွေကို မြန်မြန်ရွေပေးပါ။
(အဆင့် -၁၃ ) ဒီပုံလေးကတော့  မိမိအကောင့် ကို ပြန်ရသွားတဲ့ ပုံလေးပါ။နာမည်ကိုကြည့် လိုက်နော်ဘူလဲလို့ 
ဒီအဆင့် မှာတော့ အားလုံးပြီးဆုံးသွားပါပြီ။ကျွန်တော်လည်းဒီပိုစ်ကလေးနဲ့ ကျွန်တော့် မိတ်ဆွေတွေကိုကူညီ
နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။အဆင်ပြေကြပါစေဗျာ။
facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်
facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။ေိေိ ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။
ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။
ဘာတွေလိုအပ်မလဲ
=======================
facebook လုံးဝ မဖွင့် ရသေးသော အီးမေး အသစ်တစ်ခု
security question 
သူငယ်ချင်း ( ၃ ဦး ) ၏ အကူအညီ ။
ဒီနေရာမှာ တော်ရုံတန်ရုံအကောင့် ကတော့  ရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ မိမိ အကောင့် ကိုမိမိ ပြန်ဟက်တာပဲေိေိ ဘာပြသနာမှမရှိပါဘူး။ သူများအကောင့် တွေ hack မယ်ဆိုရင်တော့ 
ညဏ်ကိုလွာ သုံးမှ ရပါမယ်။
( အဆင့်-1)  မိမိရဲ့ အီးမေး နံပါတ် (သို့  မဟုတ် ) hack ချင်တဲ့ အကောင့် အီးမေးကိုထည့် ပေးပါ။
ပြီးရင် forgot your password ကိုနိုပ်ပါ။
( အဆင့်-2 ) မိမိရှာချင်တဲ့ အီးမေး ( hack ) ချင်တဲ့   အကောင့် ကို ဒီမှာတစ်ခါထပ်ထည့် ပေးပါ။ပြီးရင် search ကိုနိုပ်ပါ။
( အဆင့်-3 )  အနီရောင်ကွင်းလေးဘောင်ခတ်ထား တဲ့  နေရာကိုနိုပ်ပါ။
( အဆင့်-4 ) facebook မဖွင့် ရသေးသောအီးမေး အသစ်ကို နှစ်ခါရိုက်ထည့် ပေးလိုက်ပါ။
( အဆင့်-5 )  seurity question ကိုဖြေပေးရပါမယ်။တစ်ချို့ အကောင့် တွေကတော့ security မရှိ ရင်ရင်တော့  အောက်ကပုံလေးအတိုင်းလုပ်ပေးပါ။
Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ။
(အဆင့်  -6 ) continue ကိုဆက်နိုပ်ပါ။
(အဆင့် - 7 )    Facebook အကောင့်ထဲက 3 trusted friends (သူငယ်ချင်း ၃ ယောက်ကို )  ရွေးရပါ မယ် ။အဲဒီသူငယ်ချင်း ( ၃ ) ယောက်ဆီကို facebook မှ ကုဒ်နံပါတ် ပို့ ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ယောက် ပဲရွေးလို့ ရလို့  ( ၃ ) ခါဆက်တိုက်ရွေးပေးရမှာဖြစ်ပါတယ်။
(အဆင့် - ၈ ) ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေပုံပါ။သူတို့ ဆီကိုကုဒ်နံပါတွေရောက်သွားမှာဖြစ်ပါတယ်။ Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။
( အဆင့်-9 )   စောစောကအပေါ်မှာရွေးချယ်ခဲ့ တဲ့  သူငယ်ချင်းတွေဆီကို facebook မှကုဒ်နံပါတ်တွေ ပေးလာပါလိမ့် မယ် ။ ၄င်း ကုဒ် နံပါတ် ကို ရိုက်ထည့် ပေးပါ။  Submit Condes ကိုနိုပ်ပေးပါ။
ဒါဆိုရင်သင့် အကောင့် ကို recovery လုပ်လို့ ရပါပြီ။ဒါကြောင့်  facebook မှာ
ကာကွယ်ရမယ့်အချက်တွေကတော့
 Facebook   မှာ ဖွင့်ထားတဲ့    Emailကို   Only Me   လုပ်ထာပါ။
Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ ။
မိမိ မသိတဲ့  အကောင့် တွေလာ အက်ရင်  သတိထားလက်ခံပါ။
Security Question   များကို သေသေချာချာ လုပ်ထာပါ ။
Tuesday, December 17, 2013
How to Easy Create a New Facebook Account !!!
ကျွန်တော်ဒီနေ့တောင်းဆိုထားတဲ့သူငယ်ချင်းတွေအတွက်ရော Facebook အကောင့်လုပ်တာအခက်အခဲ
ဖြစ်နေတဲ့သူငယ်ချင်းတွေအတွက်ပါ Facebook အကောင့်တစ်ခုကိုဖုန်းနံပါတ်တွေ/ကုဒ်တွေမတောင်းပဲ
အလွယ်ဆုံးရတဲ့နည်းလေးကို Movie အဖြစ်နဲ့ရော / ဓါတ်ပုံလေးတွေနဲ့ပါဒေါင်းလော့စ်ဖိုင်ထဲမှာရှင်းပြထား
ပါတယ်။ကြားရတဲ့သတင်းတွေကတော့ Facebook အကောင့်တစ်ခုလုပ်ဘယ်လောက်ကုန်ကျပါတယ်။
ဘာညာပေါ့။ကိုယ်ကိုတိုင်မလုပ်တတ်တော့လည်းပေးရတာပေါ့။ဒါကြောင့်ကိုယ်တိုင်လေးလုပ်တတ်သွား
အောင် Movie လေးကိုကြည့်ပါပြီးရင် ဓါတ်ပုံလေးတွေနဲ့ Slideshow လုပ်ပြထားပါတယ်။ဒီမှာပုံတွေနဲ့
မရှင်းပြတော့ပါဘူး။ကြိုက်တယ်ဆိုရင်တော့ အောက်မှာသွားဒေါင်းလိုက်ပါ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 
http://dl-5.one2up.com/onetwo/content/2013/12/7/b758cde9fae92f12ebdcbcd72fa606d9.rar
http://www.solidfiles.com/d/77cdb78452/
http://www6.zippyshare.com/v/33405764/file.html 
နည်းပညာမြို့တော်
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
ဘလော့မှာ Favicon အလွယ်ထည့်နည်း
 ဒါလေးကတော့ မိမိတို့ဘလော့ လိပ်စားဘားလေးမှာ လှပနေဖို့ Fvicon ဆိုတာလေးထည့်ကြရအောင်...။
  ပထမဆုံးး  သည်နေရာ   ကိုသွားလိုက်ပါနော်.. အောက်ကပုံလေးလိုနေရာရောက်မယ်။
 မိမိတို့ လိုခြင်တဲ့ ပုံလေးကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်.. စာလုံးအက္ခရာတွေ လား ပုံလေးတွေလား  အစုံ ရှာနိုင်တယ်.. ကိုယ်ကြိုက်တဲ့  ပုံလေး တွေ့ပြီဆိုတာနဲ့  အဲပုံမှာ html embed cod and details  ဆိုတာလေးကို ကလစ်လိုက်ပါ။
ကုဒ်ရတာနဲ့ ထည့်ကြမယ်နော်.... သည်လိုလေးထည့်မယ်...
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6. အပေါ်ကယူလာတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီးငွေရှာနည်း နှင့် PayPal Account သစ်ဖောက်နည်း
မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့်
တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ (5.9.2013 ) အချိန်မှာတော့ The-Bux လို့ခေါ်တဲ့
ငွေရှာတဲ့ဆိုဒ်တစ်ခုကနေ ငွေ 4 $ထုတ်ကြည့်ရာ အဆင်ပြေပြီးတကယ်ထုတ်လို့ရခဲ့ပါတယ်ခင်မျာ..ဒါကြောင့်
အသစ်ဖြစ်တဲ့အတွက် မိတ်ဆက်ပေးလိုက်ပါပြီ..တစ်နေ့ကို 20 မိနစ်လောက်ဘဲအချိန်ပေးရတာပါ... ကျနော်စမ်းလုပ်နေတာ နှစ်ပတ်ဘဲရှိပါသေးတယ်.. ဒီလိုငွေရှာနည်းကိုသုံးမယ်ဆိုရင် မိမိရဲ့ကွန်ပျူတာတစ်လုံးတည်းမှာဘဲ..မိမိရဲ့အကောင့်တစ်ခုတည်းသာဖွင့်သုံးပါ...အခြားသောအကောင့်တွေ
..ဒါမှမဟုတ် အကောင့် နောက်ထပ်တစ်ခုထပ်ဖွင့်ပြီးသုံးခြင်းရှောင်ပါ Suspended လုပ်ခြင်းခံရတတ်ပါတယ်..
ဒီအင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင် ဒီအင်တာနက်လိုင်းနဲ့ဘဲ အသုံးပြုပါ...အထူးသဖြင့် ဒီလိုနည်းတွေက
ကိုယ်ပိုင်အင်တာနက်ရှိသူတွေအတွက် အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်..ဖုန်းနဲ့လည်း လုပ်လို့၇ပါတယ်...ဒါကြောင့် အင်တာနက်မှာ တစ်နေ့ကို မိနစ် 20 လောက်ပဲအချိန်ပေးလိုက်ပါ..တကယ်
ကိုရလို့ ဖြန့်ဝေပေးနေရခြင်းဖြစ်ပါတယ်.. တစ်ခုမေးစရာရှီလာပါတယ်..ငွေဘယ်လိုထုတ်မလဲဆိုတာပေါ့..
ဟုတ်ကဲ့... PayPal ကနေငွေထုတ်ပါ့မယ်..ဘယ်လိုထုတ်မလဲဆိုတော့ www.shwemoney.com မှာအသေး
စိတ်စုံစမ်းနိုင်ပါတယ်..ကျနော်တို့လည်း အဲဒီကိုဆက်သွယ်ပြီးငွေထုတ်ကြတာမလို့ပါ..အိုကေ.. အခု
ကျနော်ငွေတစ်ကယ်ထုတ်လို့ရခဲ့တဲ့ဆိုဒ်ကတော့ The Bux ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်ခင်မျာ.... ယုံယုံကြည်
ကြည်နဲ့ တစ်လနီးပါးလောက်စိတ်ရှည်ရှည်ထားပြီးလုပ်ပါ..ကျွန်တော်တို့ကလည်း ဒါတွေကိုစိတ်ဝင်စားတဲ့
အတွက်အမြဲစမ်းသပ်တယ်..စမ်းသပ်လို့အိုကီတယ်ဆိုရင် အများပြည်သူထံချပြလိုက်တာပါ..ပြီးတော့ ဒီလိုနည်းလမ်းတွေရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ရင်းနှီးစေချင်တဲ့သဘောပါ..ကဲစလိုက်ကြရအောင်
အိုကေ အရင်ဆုံး Register လုပ်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။
Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 
Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 
Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။
အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  
ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်  
ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 
အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 
ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။ 
လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။ 
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 
ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 
ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 
ဒီလို ဒီလို မဲပေါက်တာပါ ။ 
 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ 
The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 
ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။
Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 
Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 
အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ 
Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။
 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။
ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ ) 
AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။ 
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။
မိတ်ဆွေတို့ကိုယ်တိုင်လဲ နေ့တိုင်းကလစ်ရင်း Referrals(ရှယ်ယာ) တွေ အလုပ်လုပ်လား မလုပ်လားဆိုတာ စောင့်ကြည့်ပေးရပါမယ် ။ရှယ်ယာတွေ အလုပ်လုပ်ပုံကို ၃ရက်ကျော် လောက် စောင့်ကြည့်ရပါတယ်။ အလုပ်မလုပ်ပါက Recycle လုပ်လိုက်ပါ ဒါဆို ပုံမှန် အလုပ် ပြန်လုပ်လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလုပ်မလုပ်တဲ့အခါ သူတို့လည်း မလုပ်တော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင်ကလဲ အမြဲ အလုပ်လုပ် ပေးရပါတယ်။
ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။  Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး  ဝယ်သွားပါ့မယ်။  ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။
ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 
မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။..
ကဲ..ဒါကတော့ The Bux မှာငွေရှာနည်းအပြည့်အစုံပါဘဲ
အခြားတိကျသေချာတဲ့ ငွေပေးတဲ့ဆိုဒ်မှာရှာချင်သေးတယ်ဆိုရင်
Clixsense ဆိုတာရှိပါတယ် အနည်းငယ်ရှုပ်ထွေးတဲ့အသွင်အပြင်ရှိပေမယ့် ငွေပေးအလွန်တိကျပါတယ်
နောက်တစ်ခု Clixzor ဆိုတာရှိပါသေးတယ် ကြော်ငြာများသလို..ငွေပေးလဲအရမ်းကိုများပါတယ်..ကျနော်စမ်းထုတ်ပြီးပါပြီခင်မျ.
မန်ဘာဝင်ချင်ပါက ဒီကိုနှိပ်ပြီးဝင်နိုင်ပါတယ်.. အကုန်လုံးကတော့ လုပ်ပုံလုပ်နည်းသဘောတရားအတူတူတွေချည်းပါဘဲခင်မျာ..အဆင်ပြေကြပါစေ။ ဒီဆိုဒ်သုံးခုကို Connection အနည်းငယ်မျှရှိရုံနဲ့လုပ်လို့ရပါတယ် ..The Bux ကတော့နည်းနည်းမြန်တာပေါ့..ကဲ.. PayPal 
Account ဖောက်နည်းလေးစလိုက်ရအောင်...
PayPal Account ဘယ်လိုဖောက်မလဲ..
အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 
အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 
PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။ 
မရှင်းလင်းသည်များရှီပါက adflycreator@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ကြပါသည်ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..
ယခုတလော
songs
Flashsongs page အပိုင်း ၅
လိပ်ပြာလေးရဲ့ကဗျာ
လွဲနေတဲ့ဆုံမှတ်များ
valentine သီချင်း
ထားခဲ့ပါ
ချစ်သောနန်းနှင့်ရှမ်းမောမြေ
ကဗျာမပီစာမပီ
မြန်မာမလေး
သက်ထား
အင်ဒိုနီးရှားဘာသာပြန်သီချင်း
(မွန်မြတ်စိတ်ထား)
မဆွေးချင်ဘူး
(အဝေးမသွားပါနဲ့)
(ဆက်ရန်မရှိသူ)ဘန်နီ(ပြည်ဖြိုးပိုင်)နဲ့စိုးကြီး
မမေ့ရက်နိုင်သည့်အကြောင်းများ
ဆင်ပေါက်ရဲ့ မင်းတစ်ယောက်ထဲ
မိုး ပြည့်ဆုံ
someone(anonymous)
(ပထမဆုံးအနမ်း)
(Got-send rain)
နီးနီးလေးနဲ့ဝေး
မလွမ်းချင်ဘူး
(အချစ်လျော့မှာစိုး) နီတာ+အေသင်ချိုဆွေ
ပျော်ပါစေ
မီးအိမ်ရှင်-ဆိုတေး
(ခလေးရေ)
ဘေကြီး = လမ်းပြကြယ်လေး
我想找一个女朋友
ဆုံဆည်းခွင့်
ဒဏ္ဍာရီနတ်သမီး
(Be With)
(Baby-new version)Mc Wai Lin
သူငယ်ချင်း(၀ိုင်းဝိုင်း)
အဆောင်သူမမ
ရဲလေး(မဟုတ်ရပါဘူး)
အရေးမကြီးဘူး(လေးဖြူ)
Moon Light Shadow
ရှမ်းသီချင်း
မလာပါနဲ့
(ဆန်ရေ)
အစိမ်းရောင်ရက်စွဲများ
အလွမ်းပြေအနမ်း
ဒီလိုညထဲ
Stay With You(bunnyPhyo)
အဆင်ပြေပါစေ(ပူစူး)
ဒေါင်းလွဏ်း(အချစ်ကြီးသူ)
ကျုံးဘေးနားမှာ
အာဒံနဲ့ဧဝ
ရုန်းထွက်ချိန်(ရေးဆို။ညီမှုးအိမ်)
နတ်ဆိုး(ရေးဆို.ညီမှုးအိမ်)
(အဆောင်သူမမ)
(အဖြူသက်သက်)
သူငယ်ချင်း(ဥာဏ်လင်းအောင်)
သီချင်းမရှိတဲ့ဂစ်တာ
ကဗျာချစ်သူအတွက်ကာရံမညီသော
ငါသိပ်လွမ်းလို့ ..
နွေအိမ်မက်
မုန်းမေ့မရပါ
အချစ်လို့ခေါ်သလား
အဝေးရောက်ချစ်သူ - လွမ်းမင်းသား
နင်လိမ်လည်းငါချစ်တယ် - သုညလေး
ငါ့ရဲ့လမင်း(လေးဖြူ)
ရင်ခုန်စရာရှုခင်း(မျိုးကြီး)
ကိုယ့်ရဲ့ကွက်လပ်
ဆု....ထံသို့
ခလေးလေး
မ-အတွက်သီချင်း
ယုံမှာလား
ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး)
မိုးသည်းချိန်မှာ
Venus
အရိပ်ပမာမခွဲခွါ
တစ်စစီကျိုးပဲ့နေ
[ပုလဲမျက်ရည်]
ဝိုင်းဝိုင်း [နမ်းရှိုက်ခွင့်]
စိုင်းစိုင်းရဲ့ [လရိပ်ချို]
ပန်းကမ္ဘာမျှော်စင်
မိုးမိုး(ထွက်မပြေးကြေး)
မြန်မာမလေး၂
(ရိုးရိုးလေးပဲစဉ်းစား)
အဖေ (ဂျစ်လေးနဲ့ ၈ကြီး)
ထားခဲ့ပါ
(အချစ်မျက်ဝန်း)
JoHame-ပန်းတွေနိုးတဲ့နံနက်ခင်း
တယောက်သောသူအတွက်
(အမြဲတမ်းပဲမင်း)
မင်းကိုအရမ်းလွမ်းနေတယ်
ပန်းတွေနိုးတဲ့နံက်ခင်း
ထူးလျှံရဲ့ အလွမ်းတွေ
ချစ်သူသိပါစေ
တာရာ+ချမ်းချမ်း(မျက်စိမှိတ်ထားတယ်)
ခနတာ
ကျောင်းကြီးမပြီးခင်
ဒီကောင်မလေးအတွက်
စိတ်ကူးရွက်ကြွေ(အေသင်ချိုဆွေ)
သူငယ်ချင်းချစ်သူ
ရှိသည်ဖြစ်သည်ချစ်သည်
SomeTearsNeverDry
(အချစ်ဆုံးသူငယ်ချင်း)
ပြည့်စုံပါစေ(ဘိုဖြူ)
အဝေးတနေရာ
Hey Juliet
တကယ်ပုံပြင်(ရိုးရာ)
Cry On My Shoulder
ရင်ခွင်-ရိုးရာ+R-ဖြိုး
ကလေးဆိုးလေး-ထက်ယံ
သင်္ကြန်သီချင်း
ကြားလားကြားလား
မချစ်ဘူးလို့မပြောပါနဲ့=ဒိုးလုံး
လမ်းခွဲ(ဖိုးကာ)
သင်္ကြန်ဝိညာဉ်
မျှော်လင့်ခြင်းအတွက်
အလွမ်း
လေညာရပ်ကအချစ်
ဟန်ထူးလွင်ရဲ့ မယ်တင်
(အပြာရောင်ည)
အချစ်လျှော့မှာစိုး
အလွမ်းသင့်ပန်းချီ
ချာတိတ်ရဲ့ချစ်သူ
လျှို့ဝှက်ထားတယ်
တောင်းပန်ပါတယ်
တိုကျိုအိပ်မက်
အရူးအမူး
ငါဆက်ချစ်မဲ့သူ
မင်းလေးကိုအချစ်ဆုံး
ထာဝစဉ်
ဝိုင်းဝိုင်း[ဒူးထောက်ပြီ]
အခန်းဆက်အလွမ်း(ဟန်ထွန်း)
တင်ဇာမော်[အချစ်မရှိနေ့ရက်များ]
ဆောင်းဦးလှိုင်[သွားလိုက်တော့]
(သိမ်းထားခွင့်)
(မင်းကိုချစ်တယ်)
( အပျိုကြီး)
(ကမ္ဘာကျော်တဲ့စိတ်ကူး)
“မ” - ပူစူး
အရံလူ
(မျှော်လင့်ချက် )
(အိမ်မက်လေးလား)
(အမြဲတမ်းအတွက်)
မမေ့နိုင်သည့်အကြောင်းများ
ဆက်ရန်မရှိသူ ဘန်နီဖြိုး
မိုး သီချင်း
အသင့်ရှိသူ
(Hoping Love)Mc Wai Lin
ပြန်လာခဲ့ပါ
[ တောင်းပန်တယ်]
မျိုးကြီးရဲ့ [သူစိမ်းတစ်ယောက်ပါ]
ဟန်ထွန်း [အရင်က ဇာတ်လမ်း]
简单爱(တရုပ်သီချင်း)
40years
သက်ဆုံးတိုင်(Anonymous)
(I love u more)
အဝေးတနေရာ
cryonmyshoulder
အချစ်ငှက်ငယ်
အချစ်ငှက်
HeartBrokenValentine
ရှမ်းသီချင်း(ပိုခေ်း)
(မေ့မှာလား)
တကယ်ဆို
ကြေကွဲနေ့ညတွေ(19:18)
လမ်းမကြီးရဲ့ ဘေး(၀ိုင်းစု)
(နတ်သမီးပုံပြင်)
တိတ်တိတ်လေးပါပဲ
ကျေနပ်ပေးပါ
မင်းဆန္ဒ
ရင်ဆိုင်ကြပါစို့
ကိုလူဆိုး
(လေးဖြူဝိရောဓိ)
(ကြိုးကြာ)
အိမ်မက်နိဂုံး
ရှမ်းသီချင်း(လိုမ်းသေလု;)
အစိမ်းရောင်ရက်စွဲများ
(အလွမ်းကဖီး)
နွေဦး
အဆင်ပြေပါစေ
နွေ
ရင်ထဲကလာတဲ့သီချင်း
ပြည့်စုံခြင်း
(my love)
သတိ (လေးဖြူ)
Sailor Moon
မင်းနားလည်မှာပါ (ဒီလေး)
Death Note
တနေ့နေ့
နိဂုံးချုပ်အချစ်
အွန်လိုင်းချစ်သူ
ရိန်မိုး
I Love you
အလွမ်းဝင်္ဂဘာ
ဖြူစင်သောအချစ်
လိုက်ဖက်တဲ့ဘဝ
ပြန်ဆုံချိန်
(အပြစ်တစ်ခု ဖန်ဆင်းခြင်း)
ဘယ်လိုငြိမ်းသတ်ရမလဲ
မမြင်ကွယ်ရာ
အစဉ်ပြေပါစေ
ပတ်သက်ခွင့်ပြုပါ
တာရာ - အစဉ်အမြဲ
Beautiful Myanmar
ဖြစ်သလိုမေ့လိုက်ပေါ့
သိပ်ချစ်လို့ပါ
ကောင်မလေး
တိတ်တိတ်လေးပါပဲ
အလွမ်းသင့်ပန်းချီ -အောင်လ
င်္ခဂ်,(ရှမ်းသီချင်း)
မေတ္တာပန်း
(အသဲကွဲသီချင်း)
ထာဝရ(ဝိုင်ဝိုင်း)
စတား
ဒီကစောင်.နေသူ
ရှမ်းသီချင်းroze(လပ်းလင်)
အချစ်ဝေး
ဒီကောင်မလေးအတွက်
သူ
(ခေါ်သံ)
(သင်္ကြန်) သီချင်း
မင်းမှမင်း (လေးဖြူ)
Naruto
[ရှမ်းသီချင်း(roze)]
အားလုံး အိုကေ - လွှမ်းပိုင်
ကျိန်ပြောတတ်သူ
အဓိပတိခြေရာများ
မင်းမရှိလို့မဖြစ်
တိတ်တဆိတ်
Venus
အမိုက်ဆုံး (Remix)
NO.1
(ယုံကြည်ပေးပါ)
အရုပ်မ - Jenny
(ဆန့်ကျင်ဘက်)
(when you say nothing at all)
ရှမ်းသီချင်း(စိုင်းဆွန်ဟိုင်း)
နတ်သမီး
ချစ်သူအတွက်အလွမ်းပြေအနမ်း
သူင
အစုံ
http://saiaungmyat.blogspot.com အားပေးသူအားလုံး နေကောင်းပါစေ ရည်းစားနဲ့ အဆင်ပြေပါစေ shanlay475@gmail.com
saiaungmyat26@gmail.com
Twitter Bird Gadget
fish
Swimming fish