ဘယ်ကနေ လာကြသလဲ ဆိုရင် အဲ့လို ပြထားတယ်.. သကြားလုံးဆီက ကူးလာတာတဲ့ |
ဘယ်နိုင်ငံတွေက ကိုယ်ဆိုဒ်ကို ခဏခဏ ကြည့်ကြသလဲဆိုရင် အဲ့မှာ ပြထာတယ် |
Facebook သုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကို ပြောရမယ်ဆိုရင် ဘလော့ထဲက
စာတွေ Share လုပ်ဖို့ ပါ ။ မဆိုးဘူးလို ပြောလို့ ရတယ် ။ ဘာလို့ လည်းဆိုတော့ကာ
ဖေ့ဘွတ်ဆိုဒ်ကနေ ကူးလာတဲ့ လူက ဒုတိယ အများဆုံး ဖြစ်နေလို့ ပါပဲ ။ အဲ့ဆိုတော့
ဘလော့ဂါတွေ ဘာလုပ်သင့်သလဲဆိုရင် ဖေ့ဘွတ်သုံးသင့်တာပေါ့နော ။ဒါမှလည်း
စာဖတ်သူ ပိုသိမယ် ။ ပိုပျော်စရာ ကောင်းမယ် ။ ဘယ်သူမှ မဖတ်ဖတ်ဆိုပြီးနေရင်
လူမလာပဲ ဘလော့ကြီးက တိတ်ဆိတ်ပြီး ပျင်းစရာကောင်းနေလို့  ရေးအားမရှိတာ
ဘလော့ဂါတိုင်းသိတယ် ။ဘာပဲဖြစ်ဖြစ် လူများနေရင် ပျော်ကြတာပဲ ။ကွန်မန့် လေး
ချက်ဘောက်က အားပေးစကားလေးဆို ပျော်နေကြတာလူတိုင်းပါပဲ ။ဆဲတာဆိုရင်
သေပီဆရာပေါ့ ။အဲ့တော့ ဖေ့ဘွတ်လည်းသုံး ရေးသမျှကိုလည်း ပြန်ပြီးဖြန်ပေးပေါ့
အဲ့တာကို တွေ့ ခဲ့ရင် သဘောကျသူ တိုက်ဆိုင်သူ စိတ်ဝင်စားသူတွေက လာပီး
ကြည့်မှာပဲ ။ စီးပွားရေးပညာအရ ကြည့်ရင် Marketing ပေါ့ ။ အဲ့လို လုပ်ပေးလိုက်
အရင်ထက်တော့ တိုးတက်မှု ရှိလာလိမ့်မယ် ။ တကယ်တော့ ဘလော့ရေးတာ
လူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ၀ါသနာလည်းပါ စိတ်လည်းဝင်စားရင်
ရပါပြီ ။ သို့ သော်လည်း ဘယ်လောက် ၀ါသနာပါပါ ဘာပဲရေရေး လူမလာခဲ့ရင်
လူတိုင်း ပျင်းလာတတ်တယ် ။ ဘလော့ဂါ သူငယ်ချင်းအားလုံး ပျော်ပါစေ............။
ကိုယ့်ဘလော့ ဘယ်က အလာများလည်းသိချင်းရင် အောက်ကလင့်ကို နှိပ်........။
http://www.blogger.com/blogger.g?blog = where they came from ? link
http://www.blogger.com/blogger= where they came from ? Country
0 comments:
Post a Comment