Pages - Menu

Pages

Sunday, November 17, 2013

Cbox လို့ ခေါ်တဲ့ ချက်ဘောက်ထားတဲ့သူများ သတိထား သိထားစေချင်တယ်




ဒါလေးကတော့ ဒီနေ့ ပိတ်ရက် ဘလော့တွေ လျှောက်လည်ရင်းနဲ့ တွေ့ လာတာကို

အခြေခံရေးတာ။ ဆရာတော် ဆိုဒ်တစ်ခုမှာ ဆဲထားတာ စော်ကားထားတာတွေ့ လို့ 

ဘလော့ဂါတွေအနေနဲ့   ချက်ဘောက်ကို သန့် ရှင်းရေးလုပ်ဖို့   ဆဲထားခဲရင်လည်း

ပြန်ဖျက်တတ်စေဖို့ နောက်တစ်ခါလာမရေးအောင် Block လုပ် Ban တတ်စေဖို့ ပါ

ဘမ်းတယ်ဆိုတာကလည်း နာမည်ကို ဘမ်းတာမဟုတ်ပါဘူး Cbox မှာ လာရေးရင်

နာမည်မမှန်ပါစေ အီးမေးလိပ်စာမပါပါစေ ဘလော့ဂါတွေအနေနဲ့  သူရဲ့ IP ကိုစစ်ပါ

ကိုယ်နဲ့ မတည့်ဘူး လာဆဲတဲ့သူဆိုရင် အဲ့လိုလူကို Ban ပါ အဲ့ဆိုရင် နောက်တစ်ခါ

လာဆဲ လာရေးလို့ မရပါဘူး။  Ban တာက IP ကို Ban တာမလို့  အဲ့ကွန်ပျုတာက

အဲ့လိုင်းကနေ ရေးမရတော့ပါဘူး လက်တော့ တစ်လုံးကို သူငယ်ချင်းငါးယောက်က

စုဝယ်ပြီး  စုသုံးနေတယ်ဆိုရင် အဲ့လက်တော့နဲ့ IP ကို ban ရင်  ၅ယောက်စလုံးကို

ရေးမရအောင် လုပ်တာနဲ့  အတူတူပဲ ။ကျနော်ကြုံဖူးပါတယ် ။လာပြီးတော့ဆဲတယ်

ဒါနဲ့  IP ကို စစ်ပြီး ban လိုက်တယ် ။ ခဏနေတော့ သူငယ်ချင်းဆီက  ဖုန်းဝင်လာ

ရေးမရဘူးဆိုတာ ပြောတယ် ။ ဒါနဲ့  မင်းကွန်ပျုတာကို စောစောက ဘယ်သူသုံးလဲ

မေးတော့ သူ့ သူငယ်ချင်းတစ်ယောက် သုံးနေတာတဲ့။ သေချာတယ်. အဲ့လူဆဲတာ

Ban တာကလည်း အဟန့် အတား ဖြစ်စေရုံပါပဲ ။ အပြည့်အ၀တော့ မကာကွယ်ပါ

Banထားလဲ ရှောင်ရေးတဲ့နည်းတွေ ရှိပါတယ် ။ ထည့်မရေးတော့ပါဘူး။ တော်ကြာ

လာဆဲနေမှ  ခက်ပီ။ ခုတလော ခဏခဏ  ဆဲခံနေရတာ ။  အဲ့တော့ မိမိတို့ cbox

ထဲမှာ  မလိုလားအပ်တဲ့စာတွေ   မကောင်းတဲ့စာတွေကို  ဖျက်တတ်စေဖို့ သိစေဖို့ 

ရည်ရွယ်ပါတယ် ဆရာကြီး မဟုတ်ပါဘူး ။ ကျနော် လခစား အလုပ်သမားလေးပါ

ဖျက်ဖို့ အတွက်ကတော့ ဒီမှာဖတ်ပါ  -http://www.zwmnna.com/cbox.html

No comments:

Post a Comment