Pages - Menu
Pages
Sunday, November 17, 2013
ချစ်ခင်လေးစားရပါသော ဘလော့ဂါသူငယ်ချင်းအပေါင်းတို့  (ဖတ်ပေးပါ)
ဒါကတော့ ဘလော့ဂါတွေကို မေးတာပါ ။လုပ်တာမလုပ်တာတော့ မပြောတတ်ဘူး
ဘလော့တွေ လိုက်လည်ရင်းနဲ့ ကွန်မန့် ရေးရင် သတိရလာလို့  ထပ်ရေးလိုက်တာ
အရင် ဒီနည်းကို ရေးဖူးပါတယ် ။ဒါကတော့ ကွန်မန့် ရေးတဲ့အခါ တန်းမတက်စေပဲ
ဘာညာ ဘာညာတွေထည့်ရတာ  စာတွေ  နံပတ်တွေ သေချာကြည့်ပီး ဖြည့်ရတာ
အလုပ်အတော်များပါတယ် ။ တခါတလေ မှားသွားရင် ဆိုးချက်က ကန်းကုန်တယ်
ဒါနဲ့  မရေးပဲ ပြန်လာတယ်။ အဲ့လိုခံထားရတဲ့ အကျိုးကျေးဇူးက တအားကြီးလည်း
မထိရောက်ပါဘူး ။ လာဆဲမှာစိုးရင်တော့  ချက်ချင်းတက်မလာစေပဲ  ပိုင်ရှင်ကနေ
ဖတ်ပီး စီစစ်ပြီးမှ တက်စေတာလည်းရပါတယ် အဲ့လိုကြီးတော့ မထားကြပါနဲ့ နော
အဲ့လို မထားချင်လို့ ပြင်ချင်ရင် Show word Verficaion ကို No ထားပါ ။ ရေးတဲ့
ကွန်မန့် ကို ကိုယ်အရင်ဖတ်   စစ်ပြီးမှ တင်ချင်ရင် Moderation ကို Always ထား
Email ရှိသူပဲ ရေးစေချင်ရင်  Who can comment မှာ  User with google   ကို
အမှန်ချစ်ပါ ။ ဘယ်သူပဲဖြစ်ဖြစ် လာရေးရစေချင်ရင်တော့ Anyone ကိုထားပေးပါ
အဲ့တာကတော့ Anonymous နဲ့ လာဆဲမှာလည်း စိုးရသေးတယ် ဒါပေမယ့်လည်း
ကျနော်တို့ က နာမည်ကြီးမှမဟုတ်တာ ။အဲ့တော့ မဆဲလောက်ဘူးလားလို့ ပဲလေ
အဲ့လို စာအလိမ်တွေ နံပတ်တွေ ရိုက်လာခိုင်းရင်တော့  အဲ့ဆိုဒ်မှာ မရေးတော့ဘူး
မထာဘူး ပြင်မယ်ဆိုတဲ့ Blogger က အောက်က လင့်ကိုနှိပ်လိုက်ပါ................
http://www.blogger.com/change comment setting
No comments:
Post a Comment