Pages - Menu

Pages

Friday, December 13, 2013

Internet Download Manager သုံးပါ


တစ်နေ့သ၌ ကျွန်ုပ်သည် အလုပ်မအားလပ်သဖြင့် ဘလော့တွင် ပို့စ်များစွာ မတင်နိုင်သည့် သကာလ ဖြစ်နေသည်။ ပို့စ် အရေးနည်းသဖြင့် စာဖတ်သူများကိုလည်း အားနာလှ၏။ သို့ဖြစ်ရာ တင်သည့် ပို့စ်များသည်လည်း စာဖတ်သူများ၏ အကျိုးကို လိုလားသော ပို့စ်များကိုသာ ရေးတင်နိုင်ရန် စဉ်းစားလျက် ရှိ၏။


အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။

၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။

၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .

No comments:

Post a Comment