Pages - Menu

Pages

Saturday, December 14, 2013

ရေလည်လန်းတဲ့ Cool Photo Transfer (ကြိုးမဲ့ဓါတ်ပုံပို့နည်း)


လုံးဝ အလန်းကြီးဗျာ။ ဖုန်းထဲက ဓါတ်ပုံများကို ကွန်ပျူတာသို့ ..ကြိုးမဲ့ ပို့နိုင်မယ့် photo transfer app လေးပါ။။ဖုန်းနဲ့ကွန်ပျုတာကို wifi ချိတ်ပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကွန်ပျူတာမှာ Cool Photo Transfer server ဆော့ဝဲကို ထည့်ရပါမယ်။
ဆော့ဝဲ ထည့်ပြီးရင် ဖုန်းထဲမှာ install လုပ်ထားတဲ့ App နဲ့ ..ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကနေ wifi hot spot လွှင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာထဲက server software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ ဖုန်း App ထဲက Manual Connect ကို နှိပ်ပြီး server software ကနေ ဖော်ပြထားတဲ့ IP နံပါတ်များကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရသွားပါပြီ။
ချိတ်ပြီးသွားရင် ဖုန်းထဲက ပုံများကို ကွန်ပျူတာဆီ ပို့လို့ရပါပြီ။ ပို့လို့ရတဲ့ပုံစံတွေက အလန်းကြီးတွေဗျာ။ ပုံများကို ဘေးကို တွန်းထုတ်လိုက်ရင် ကွန်ပျူတာထဲမှာ animation လေးနဲ့ ၀င်သွားတယ်။ ဖုန်းကို shake လုပ်ရင်လဲ ကွန်ပျူတာထဲမှာ ပုံလေးက တုန်ခါသလိုဖြစ်ပြီး ၀င်လာတယ်။ အသံနဲ့တောင် ပို့လို့ရသေးဗျာ။ ဖုန်း mic နားကို လက်ခုပ်တီး(သို့)လေချွန်ရင် ပုံပို့လို့ရတယ်။ ကွန်ပျူတာ မော်နီတာဆီကို ဖုန်းကို မျက်နှာချင်းဆိုင် ထိလိုက်ရင်လဲ ပုံပို့လို့ရတယ်။
လန်းမှလန်း .. နာမည်နဲ့လိုက်ဖက်အောင် ပို့ဆောင်ပုံတွေက
လန်းလွန်းပါတယ်။ Zoom in , Zoom out ကိုတောင် ဖုန်းကနေ လှမ်းလုပ်နိုင်တယ်။ အသေးစိတ်တော့ မရေးနိုင်တော့ဘူးအိပ်ငိုက်နေပီး....ေိေိေိေိ ..
ဒီလောက်ဆို အားလုံး နားလည်မယ်ထင်ပါတယ်။ ကဲ .. ကလိကြည့်ပေတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
မှတ်ချက် - server software ရဲ့ setting ထဲကိုသွားပြီး
Photo save option နေရာမှာ auto save ကိုရွေးပေးကာ ..
ဓါတ်ပုံများကို ကွန်ပျူတာထဲ save ချင်သောနေရာကို ရွေးပေးလိုက်ပါ

No comments:

Post a Comment