Pages - Menu
Pages
Monday, April 7, 2014
Xperia Z1 Compact D5503 14.3.A.0.681 (4.4.2 ) Firmware !
ဒါကြောင့် Z1 Compact 4.4.2 Firmware လေးပါတင်ပေးလိုက်ပါတယ်ဗျာ….
ဒေါင်းလိုက်ပါအုန်းလို့ 
Z1 compact
Download ( Z1 Compact 4.4.2 Firmware ) Mega Link
Download ( Z1 Compact 4.4.2 Firmware ) Google Drive Link
Download ( Z1 Compact 4.4.2 Firmware ) Uloz Link
Credit To : XDA Developer..
အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းရင်း……
Windows 8.1 Update ကိုဧပြီ ၈ ရက်တွင် Microsoft အခမဲ့ဖြန့်ချီမည်
Microsoft onf Windows 8.1 ပထမဆုံး Update ကိုဧပြီလ ၈ ရက်နေ့တွင် သုံးစွဲသူများသို့ အခမဲ့ဖြန့်ချိပေး သွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည့် ကုမ္ပဏီ၏နှစ်စဉ် ကျင်းပသည့် ကွန်ဖရင့်တွင် Windows Phone ဒုဥက္ကဋ္ဌ Joe Belfiore က feature အသစ်များအကြောင်း ရှင်းလင်းခဲ့ပြီး ယခု update ၏ရည်ရွယ်ချက်သည် mouse နှင့် Keyboard တို့ဖြင့်သုံးစွဲရန် စိတ်ပျက်နေသူများ Windows 8.1 သို့ပြန်လည် ဆွဲဆောင်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ Update တွင် Keyboard, Mouse တို့ဖြင့်အသုံးပြုနိုင်ကာ ၎င်း Function များကိုချုံ့ရန် User Interface Update များလည်းပါဝင်သည်။ ၎င်း Update သည် အသုံးပြုနေသည့်ကိရိယာကို OS က ဖော်ပြပေးကာ စွမ်းဆောင်ရည်ကို ပြသပေးသည်။ Tablet ဖြင့်အသုံးပြုပါက 8.1 တွင် Metro Mode ပါဝင်လာပြီး PC ပေါ်တွင်မူ Desktop ပေါ်တွင်အလို အလျောက် ဖော်ပြပေးသွားမည်ဖြစ်သည်။
8.1 Update တွင် Taskbar ပြန်လည်ပါဝင်ဖွယ် ရှိနေပြီး Windows Store App များသည် Metro App များတွင် အလိုအလျောက် ပြသပေးသည့် Feature နှင့်အတူ ပါဝင်လာနိုင်ကြောင်း သိရသည်။
အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ငြင်းပယ်ထားသည့် Huawei ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier အဖြစ် ခန့်အပ်ထား
အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ၎င်းတို့၏ စီမံကိန်းများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းကို ငြင်းဆိုခံထားရသည့် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီကို မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier ကုမ္ပဏီအဖြစ် လုပ်ကိုင်လျက် ရှိနေသည်။
တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Myanmar Post and Telec ommunication (MPT)၊ ရတနာပုံ တယ်လီပို့စ်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကမှ ဆက်သွယ်ရေးလိုင်စင် ပေးအပ်ရန် ရွေးချယ်ခံရသည့် တယ်လီနော် ကုမ္ပဏီတို့ အားလုံးက ၎င်းတို့၏ Supplier ကုမ္ပဏီအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ၎င်းတို့၏ Supplier ကုမ္ပဏီကို မရွေးချယ်ရသေးကြောင်း ပြောကြားသည်။
''ကျွန်တော်တို့ရဲ့ Supplier ကုမ္ပဏီအဖြစ် အကြမ်းဖျင်းပဲ ရွေးချယ်ရပါသေးတယ်။ ရှေ့တစ်ပတ်ထဲမှာတော့ ဘယ်သူ့ကို ရွေးထားလဲဆိုတာ ထုတ်ပြန်ကြေညာမှာပါ'' ဟု အဆိုပါ ကုမ္ပဏီ၏ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားသည်။
လက်ရှိအချိန်တွင် Huawei ကုမ္ပဏီ အနေနှင့် Ooredoo ကုမ္ပဏီနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Huawei ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။
Huawei ကုမ္ပဏီနှင့် တရုတ်အစိုးရတို့ ပတ်သက်နေမှုကြောင့် ၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ဆက်သွယ်ရေး ပစ္စည်းများဖြင့် အမေရိကန်နိုင်ငံကို လျို့ဝှက်ထောက်လှမ်းမှု ပြုလုပ်နိုင်သည်ဟု ၂၀၁၂ ခုနှစ် အတွင်းက အမေရိကန် ကွန်ဂရက်က တင်ပြခဲ့ပြီး အမေရိကန် အစိုးရနှင့် သက်ဆိုင်သော ကန်ထရိုက် စာချုပ်များတွင် လုပ်ကိုင်ခွင့် မပြုရန် တောင်းဆိုခဲ့ဖူးသည်။
Huawei ကုမ္ပဏီဘက်မှ ၎င်းတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟု စွပ်စွဲခြင်းအပေါ် ပြန်လည် ငြင်းချက်ထုတ်ခဲ့သည်။
Huawei ကုမ္ပဏီကို သြစတြေးလျ နိုင်ငံကလည်း အမျိုးသား လုံခြုံရေးကို အကြောင်းပြကာ ၎င်းတို့၏ ဘရော့ဘန်း ကွန်ရက်အသစ်တွင် ပါဝင်မှုကို တားမြစ်ခဲ့ဖူးသည်။
''အခုလွှတ်တော်မှာ ဆက်သွယ်ရေး နည်းဥပဒေကိုလည်း ဆွေးနွေးနေပြီး တတ်နိုင်သလောက် အကာအကွယ်လည်း လုပ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံမျိုးတောင် လုံခြုံမှုယူထားတာမျိုး ဆိုတော့ တိုင်းပြည်အတွက် လုံခြုံရေးအရ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ အတွက် စိတ်မချရဘူးဆိုရင် စိတ်မချရတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို ကန့်ကွက်သင့်ပါတယ်။
 နိုင်ငံအနေနဲ့ အခုမှ တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ခါစ ဆိုတော့ ဒီအန္တရာယ်ကို အတော် သတိထားဖို့ လိုပါတယ်'' ဟု ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီမှ ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။
Eleven Media Group
Samsung Galaxy S3 GT-I9300 4.3 Official Latest Firmware
Samsung Galaxy S3 4.3 အတွက် Latest Firmware Malaysia XME  ပါ။လိုချင်တဲ့ ညီ အကိုများအောက်မှာယူလိုက်ပါ။ 
Wednesday, April 2, 2014
ကျောင်းသားတိုင်းသိထားသင့်တဲ့ Google Tips and Tricks
အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Google Tips and Tricks များကို မျှဝေလိုက်ပါတယ်။
သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။
လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။
၁. တိကျပါ။
ဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: “ website URL” ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: “name” လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: “word” လို့ရှာဖွေပါ။
၂.ဖော်မက်
Filetype: “jpg or other extension” လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။
၃.ရှာဖွေမှုကို တိုးချဲ့ပါ။
(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။
Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ဝက်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။
Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ဝက်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.thatantoeaung.com လိုရှာရင် သန်းတိုးအောင် ဝက်ဆိုက် နဲ့ ဆင်တူတဲ့ ဝက်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။
သင့်ရဲ့ ဆရာ က အချို့သော ဝက်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီဝက်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ဝက်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံးဝင်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။
အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။
စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define “word” လို့ ရိုက်ရှာပါ။
Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။
Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Windows8 / Windows 8 +Launcher v2.4.1 APK (Update March-30)
Android Phone ပေါ်မှာ Window 8 စတိုင်လေးနဲ့အသုံးပြုချင်သူများအတွက် Windows 8 +Launcher နောက် ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ အရှေ့က Post တွေမှာလည်း ထွက်လာသမျှ Version တိုင်း ကိုတင်ပေးခဲ့ဖူးပါတယ်။ တင်ပေးလိုက်တိုင်းလည်း လူကြိုက်များပြီး ဒေါင်းလုပ်ဆွဲတဲ့ သူတွေတော်တော်များ များကိုတွေ့ရပါတယ်။ Launcher တစ်ခုဖြစ်တဲ့အတွက် ရှည်ရှည်ဝေးဝေးရှင်းပြစရာမလိုဘူးထင်ပါတယ်ဗျာ။ နမူနာကြည့်နိုင်အောင် အောက်မှာ Screen Shot တွေရိုက်ပြီးပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Wirless Keyboard adapter ရောင်းချမှုကို Microsoft ရပ်ဆိုင်း
Microsoft သည်၎င်းတို့၏ Surface tablet များဖြင့် ချိက်ဆက်အသုံးပြုနိုင်သည့် wireless key board adapter ရောင်းချမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ wireless keyboard adapter သည်ဒေါ်လာ ၆၀ တန်ဖိုးရှိပြီး စလင်ဒါပုံသဏ္ဌာန်ရှိကာ သုံးစွဲသူများအနေဖြင့် Surface tablet များကို Bluetooth မှတစ်ဆင့်ချိတ်ဆက်၍ ပေ ၃၀ အကွာမှအသုံးပြုနိုင်သည်။ ယခုအခါတွင် Microsoft အနေဖြင့်၎င်း keyboard ကိုရောင်းချခြင်းရပ်ဆိုင်းကာ Microsoft ၏ Online store တွင် "out of stock" အဖြစ်ဖော်ပြထားသည်။
ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူကအကြောင်းကြောင်းကြောင့် မိမိတို့အနေဖြင့် Surface Wireless Keyboard Adapter ကိုဆက်လက်ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ Microsoft အနေဖြင့် မည်သည့်အကြောင်းကြောင့် ၎င်းထုတ်ကုန်ကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်းကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
သာယာလှပတဲ့ Live Wallpaper အလန်းလေး - Season Zen HD v1.9.1 APK (April-1) Wednesday, April 02, 2014 Pyae Phyo (MMiTD) No comments
ၹၹၹ
ကျွန်တော်သဘောကျတဲ့ Live Wallpaper ထဲမှာ Season Zen HD ဆိုတဲ့ ကောင်လေးကလည်း တစ်ခုအပါ ၀င်ပါဘဲဗျာ။ ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးပြီး ရုပ်ထွက်အတော်လေးကောင်းတဲ့ Live Wallpaper လေးဖြစ်ပါ တယ်။ ထွက်တာကတော့ 3ရက်လောက်ရှိပါပြီ ထွက်ထွက်ချင်း Upload တင်ထားဖြစ်ပေမယ့် မေ့နေလို့ အခု မှတင်ပေးဖြစ်တာပါ။ သူ့ရဲ့စတိုင်နဲ့ရုပ်ထွက်ကိုတော့ အောက်မှာ Screen Shoot တွေကို နမူနာကြည့်နိုင်ပါ တယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Download